Blog တစ်ခု စတင်ခြင်း ( How to Blog )

ကျနော့် Blog ရေးချင်နေတာကြာပါပြီ...ဒီနေ့မှပဲ စ ရေးဖြစ်တယ်ပြောရမှာပေါ့....ကျနော့်လိုပဲ Blog ရေးချင်တဲ့လူငယ်တွေအတွက် အထောက်အကူဖြစ်စေဖို့ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို တင်ထားတဲ့ Site တစ်ခုကို ညွန်းချင်ပါတယ်....Blog ရေးဖို့ http://www.blogger.com မှာ Register လုပ်တာက အစပြုလို့ Template ပြင်တာ....စိတ်ကြိုက် Template ပြောင်းလဲတာ...Widget တွေပေါင်းထည့်တာမျိုး စတာတွေကို အသေးစိတ်ရေးထားတဲ့ Site ပါ....မြန်မာလိုရေးသားထားပြီး ဝါရင့်မြန်မာ Blogger တွေရေးထားတာမို့ အခုမှစတင်လေ့လာမယ့် ကျနော်တို့လို တက်သစ်စ မြန်မာ Blogger လူငယ်တွေအတွက် တော်တော်တန်ဖိုးရှိလှပါတယ်....Blogger နဲ့ ပတ်သက်တဲ့ အသိပညာတွေပေးဝေထားတာမို့ စိတ်ဝင်စားတယ်ဆိုရင်တော့ သွားရောက်လေ့လာသင့်တဲ့ ဆိုက်တစ်ခုအဖြစ်လက်တို့ပါရစေ....။
အပေါ်ကပုံပေါ်ကို Click နှိပ်လိုက်ရင် ကျနော် ညွန်းတဲ့ Site ထဲရောက်သွားပါလိမ့်မယ်....Site ရဲ့ညာဘက်ဘေးမှာ Scroll Bar တစ်ခုနဲ့ ခေါင်းစဉ်တွေခွဲပြီး ပြထားတာမို့ ကိုယ်သိချင်တဲ့ အကြောင်းအရာကို အလွယ်တကူဖတ်ရှုနိုင်ပါတယ်....။