မကွေး ၊ မင်းဘူး ၊ တောင်တွင်းကြီး ခရီးစဉ်

ရုံးအလုပ်ကိစ္စနဲ့ မကွေး ရောက်ဖြစ်ရင်း မင်းဘူး ဘက်ကိုပါ ရောက်ဖြစ်ပါတယ်။ မင်းဘူးမြို့ဝင် ကြိုဆိုပါ၏ နဲ့ ဧရာဝတီတံတား(မကွေး) ပေါ်ဖြတ်သန်းရင်း ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတွေ တင်လိုက်တယ်။

မင်းဘူးမြို့အ၀င်

မကွေးတံတားပေါ်ဖြတ်သန်းစဉ်

မင်းဘူးမှာလည်း အလုပ်တွေ လုပ်ရတယ်။ မင်းဘူး ကနေ နေ့လည် ၂ နာရီလောက်မှာ
မကွေးဘက် ပြန်လာခဲ့ပြီး မကွေးမြို့ပေါ်မှာ မပြီးပြတ်သေးတဲ့အလုပ်တွေ လက်စသတ်ရင်း ညနေ ၆ နာရီလောက်မှ အလုပ်တွေ ပြီးသွားတယ်။ မကွေး၊ မင်းဘူး ပြီးတော့ တောင်တွင်းကြီး ကို ခရီးဆက်ဖြစ်တယ်။ အခု ဒီပို့စ် ကို တောင်တွင်းကြီး ကနေ တင်လိုက်တာပါ။ 

0 comments: