ကျနော် Merchandiser တစ်ယောက်ပါ။ ၀ါသနာပါတာက ကွန်ပျူတာပညာရပ်ဆိုင်ရာကို ၀ါသနာပါပေမယ့် လက်ရှိမှာတော့ Merchandiser တစ်ယောက်အဖြစ်ရပ်တည်နေပါတယ်။ ကျနော် ဒီအလုပ် လုပ်တာ သိပ်မကြာသေးပါဘူး။ အခုဆို လေးလကျော်ပြီး ငါးလပြည့်တော့မှာပါ။ အရင်က Marketing အတွေ့အကြုံမရှိခဲ့ပါဘူး။ လက်ရှိအလုပ်ဝင်ကာစမှာ ကျနော့်အတွက် အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်။ Marketing အကြောင်း ၊ Marketing သဘောသဘာဝတွေကိုလည်း နားမလည်တဲ့အတွက် လေ့လာသင်ယူခဲ့ရတယ်။ လက်ရှိမှာလည်း လေ့လာသင်ယူဆဲဖြစ်သလို နောက်လည်း လေ့လာသင်ယူနေရဦးမယ်။ Marketing ဆိုတာ ပညာရပ်တစ်ခုဖြစ်သလို စိတ်ဝင်စားစရာကောင်းတဲ့ အလုပ်တစ်ခုလည်းဖြစ်တယ်ဆိုတာ သိခဲ့ရတယ်။ တကယ်လို့ ၀န်ထမ်းဘ၀ကိုစွန့်လွတ်ပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို လုပ်ကိုင်ရပ်တည်မယ်ဆိုရင် Marketing အမြင်က အရေးပါ ပါတယ်။ Marketing အမြင်ရှိသူ တစ်ယောက်လုပ်တဲ့ လုပ်ငန်းနဲ့ အမြင်မရှိသူတစ်ယောက်လုပ်တဲ့ လုပ်ငန်းရဲ့ အောင်မြင်မှုကွာခြားချက်က သိသာလှပါတယ်။ ဒါကလည်း ကျနော် ဒီအလုပ်ကို လုပ်ဖြစ်မှ သိလာခဲ့တာပါ။ Company တစ်ခုမှာ Product အသစ် တစ်ခုထုတ်တော့မယ်ဆိုရင် အဲဒီပစ္စည်း ဒါမှမဟုတ် အဲဒီထုတ်ကုန် ဈေးကွက်မှာ
-