မနက်ဖြန်....

မနက်ဖြန်ဆိုရင် ရုံးကလူကြီးတစ်ယေက်နဲ့ ခရီးထွက်ရမယ်။ ခရီးစဉ်မှာအဆင်ပြေအောင် အလုပ်ပြီးမြောက်အောင် လူကြီး စိတ်တိုင်းကျအောင် လုပ်ဆောင်ရမယ်။ အဲဒီအတွက် လုပ်ငန်းကျွမ်းကျင်မှုတွေ၊ အချိန်ပိုင်းခြားတတ်မှုတွေ၊ သွက်လက်ဖြတ်လတ်မှုတွေ ရှိဖို့လိုအပ်တယ်။ အဓိက ကတော့ ကိုယ့်ကိုကိုယ် ငါလုပ်နိုင်မှာသေချာတယ် ၊ ငါလုပ်နိုင်တယ်၊ လုပ်ငန်းပြီးမြောက်အဆင်ပြေပြီး လူကြီး စိတ်တိုင်းကျရမယ် ဆိုတဲ့ ယုံကြည်မှုရှိဖို့ပဲ။ အဲဒီလိုအပ်ချက်တွေကို အခုညကရင်း ပြင်ဆင်ထားရတယ်။ မနက်ဖြန်ဆိုတာ ကျနော့်အတွက်တော့ စာမေးပွဲဖြေရမယ့် နေ့ တစ်နေ့လိုပါပဲလား။ ကျနော်က စာဖြေသူ ကျနော့်အထက်လူကြီးက စာစစ်သူ။ ကျနော့် လုပ်ရည်ကိုင်ရည်ကိုလည်း သူက အကဲခတ်မှာပဲ။ မနက်ဖြန်အတွက် စိတ်ဓာတ်ခွန်အားတွေနဲ့ ပြင်ဆင်ရင်း စာမေးပွဲဖြေရမယ့် ကျောင်းသားတစ်ယောက်ရဲ့ခံစားမှုမျိုး ခံစားနေရတယ်။