ညံ့မနေဖို့တော့ လိုတယ်

လူတစ်ယောက် ဟာ ညံ့နေဖို့လွယ်တယ်
တော်ဖို့က ခက်တယ်....
သူများထက် သာချင်ရင် သူများထက် ပိုကြိုးစားရမှာပဲ
ပိုပေးဆပ်ရမယ်...ပိုပြီး အပင်ပန်းခံနိုင်ရမယ်
ဒါကြောင့် သူများထက်သာအောင်၊ တော်အောင်
ကြိုးစားရတယ်ဆိုတာ ပင်ပန်းတယ်...ခက်တယ်...။

ညံ့ဖို့ဆိုတာက အသာလေး ရေစုန်မျောလိုက်ရသလိုပဲ
အပျင်းကြီးမယ်...အအိပ်ကြီးမယ်...အချိန်ဖြန်းမယ်...
လူတိုင်း ညံ့အောင်နေနိုင်ကြတယ်....
ဒါကြောင့် လူညံ့တွေ များနေတာပဲ...။
လူတိုင်း တော်အောင်မနေနိုင်ဘူး...
ဒါကြောင့်လည်း လူတော်တွေ နည်းနေတာပေါ့...။

လူညံ့လုပ်ချင်သလား.....?
အလွယ်လေးပါ...
သက်သောင့်သက်သာ ဇိမ်နဲ့နေရုံပေါ့...။
လူတော်ဖြစ်ချင်သလား...?
အပင်ပန်းခံနိုင်ရမယ်...ဇွဲရှိရမယ်...
ဝီရိယ ရှိရမယ်...ပေးဆပ်နိုင်ရမယ်....စသဖြင့်ပေါ့....
ဒီထက်မကတဲ့ အချက်တွေလည်း အများကြီးပါ...။
လူတော်ဖြစ်ဖို့ သူများထက်သာဖို့ အမြဲတမ်း
ခေါင်းထဲထည့်ထားရတယ်....။
သူ့အတွက်က တော်ဖို့ ထူးချွန်ဖို့
တခြားသူတွေထက် အကောင်းဆုံး စွမ်းဆောင်ပြနိုင်ဖို့....။

လူတော်တစ်ယောက်ဖြစ်အောင်
လူတိုင်းမလုပ်နိုင်ပေမယ့်
လူ့လောကရဲ့ ဘယ်နေရာမှာမဆို
ဘယ်လုပ်ငန်းဌာန...ဘယ်ပတ်ဝန်းကျင်မှာမဆို
ဘယ်အဖွဲ့အစည်းမှာမဆို
လူတော်တွေကိုသာ အလိုရှိတတ်ကြတယ်
လိုချင်တတ်ကြတယ်....အားကိုးကြတယ်...။
လူညံ့ကိုတော့ လူ့လောကရဲ့ ဘယ်နေရာမှာမှ
အလိုမရှိကြဘူး...မလိုချင်ကြဘူး....။

လူတော်တွေ နေရာရသလောက်
လူညံ့တွေကတော့ လူတော်တွေအတွက်
ဘေးဖယ်ပေးကြရတာ ဓမ္မတာပဲ....။
အဲဒီတော့ သင်ဟာ
လူတော်တစ်ယောက်အတွက်
သင့်ရဲ့ပိုင်ဆိုင်ထားတဲ့ နေရာတစ်နေရာကို
ဖယ်ပေးချင်သလား ?
သို့မဟုတ်....သင်...
လူတော်လုပ်မလား....? လူညံ့လုပ်မလား....?

လူတော်တစ်ယောက်ဖြစ်အောင်
ကြိုးစားနိုင်တဲ့သူအဖို့ ဘ၀မှာ
အောင်မြင်မှုတွေနဲ့ တိုးတက်ကြီးပွားနိုင်ပါတယ်...။
လူညံ့တစ်ယောက်အဖြစ်ကတော့
ဘ၀မှာ အဆင်မပြေမှုတွေ....
ကျရှုံးမှုတွေ ဒုက္ခတွေနဲ့သာ
ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်...။

အစွန်းတစ်ဖက် က ထူးချွန်ခြင်း တော်ခြင်း
နောက်အစွန်းတစ်ဖက် မှာတော့
အရည်အချင်းမရှိခြင်း ညံ့ဖျင်းခြင်း
သင်ဟာ အစွန်းနှစ်ဖက်မှာ
ဘယ်ဘက်မှ မရောက်ဘူးဆိုရင်တောင်
သင် ညံ့မနေဖို့တော့ လိုတယ်....။
                                                       နေမိုးငယ်

0 comments: