From Blogger to Wordpress

ကျနော် Blogger ကိုပစ်ထားခဲ့တာကြာခဲ့ပါပြီ....ကျနော်တို့ မြန်မာ ISP က Blogger ကိုအငြိုးကြီးစွာ ပိတ်ပင်ထားခဲ့တဲ့အတွက် Blog ရေးလိုတဲ့ ကျနော်တို့လို လူတွေအဖို့ Blogger ကိုကျော်ခွဝင်ရောက်နေရတာဟာ အခက်အခဲတစ်ခုပါ....တခါတရံ ကျော်ခွရတာ အဆင်ပြေတာလည်းရှိသလို အဆင်မပြေတာတွေလည်း ရှိပါတယ်....တခြားသူတွေ ကျော်ခွရတာ အဆင်ပြေ မပြေတော့ မသိပေမယ့် ကျနော့်အတွက်တော့ ကျော်ခွရတာဟာ အဆင်မပြေပါဘူး....ဒါကြောင့် ကျနော် Blog ရေးဖို့အတွက် Blogger ကို လက်လျှော့လိုက်ပြီး Wordpress မှာ Blog ရေးဖြစ်ပါတယ်.....။ ကျနော်က Wordpress နဲ့ နီးစပ်သူမဟုတ်ပါဘူး.....Blogger ကိုကျော်ခွလို့ အဆင်မပြေမယ့်အတူတူ Wordpress ကိုသုံးကြည့်မယ်ဆိုပြီး စမ်းသုံးကြည့်ဖြစ်ခဲ့ပါတယ်....။ အစပိုင်းမှာ Wordpress ရဲ့ သဘောတရားကို သိပ်နားမလည်တော့ တော်တော်လေး အခက်ကြုံခဲ့ရပါတယ်...။ နောက်ပိုင်း လေ့လာရင်း တတ်သိသူတွေကို မေးမြန်းရင်းနဲ့ပဲ Wordpress မှာ Blog တစ်ခု ဖန်တီးရေးသားဖြစ်ခဲ့ပါတယ်....။ တချို့ကတော့ ပြောကြတယ်...အထူးသဖြင့် Wordpress ကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်သူတွေကတော့ Wordpress ဟာ Blog တစ်ခုဖန်တီးဖို့ဆိုတာထက် ပိုပြီး လုပ်ဆောင်နိုင်တယ်....Website တစ်ခုဖန်တီးလို့ရတဲ့အထိ လုပ်ဆောင်နိုင်တယ်လို့ ပြောကြပါတယ်....Wordpress နဲ့ Website ဖန်တီးထားတာတွေလည်း ရှိတယ်လို့ ပြောကြပါတယ်....။ ကျနော်ကတော့ အဲလောက်အထိ မကျွမ်းကျင်ပါဘူး....Wordpress နဲ့ Blog တစ်ခုဖန်တီးဖို့ကို မနည်းကြိုးစားခဲ့ရပါတယ်....။ တခြားသူအတွက် ဒါဟာ အခက်အခဲကြီး တစ်ခုမဟုတ်ပေမယ့် ကျနော့်အတွက်တော့ အခက်အခဲကြီးတစ်ခုပေါ့....။ အခုတော့ Wordpress အကြောင်းကို ထိုက်သင့်သလောက် နားလည်လာခဲ့ပါတယ်....ဒီထက်ပိုသိဖို့ကိုလည်း လေ့လာ
ရပါဦးမယ်.....။ Wordpress ရဲ့ ထူးခြားမှုတွေနဲ့ စွမ်းဆောင်ရည်တွေကို အပြည့်အ၀နားလည်နိုင်ဖို့ အသုံးပြုနိုင်ဖို့ကိုတော့ အချိန်ပေးရပါဦးမယ်....။ အခုတော့ http://www.blogger.com ကို ဖွင့်ပေးလိုက်ပြီ ဖြစ်တဲ့အတွက် ကျနော် Blogger ပေါ်မှာ Blog ဆက်ရေးဦးမှာပါပဲ....။ Wordpress ကိုလေ့လာတယ်ဆိုပေမယ့် Blogger ကိုလည်း သံယောဇဉ်မကုန်သေးပါဘူး....။ Blog ရေးဖို့အတွက် ကျနော် ရူးရူးသွပ်သွပ် ဖြစ်ခဲ့ရတာဟာ Blogger.com ပါပဲ....။ တကယ်လို့ Wordpress ကို စတင်လေ့လာမယ်ဆိုရင်တော့ လေ့လာကြည့်သင့်တဲ့ Site လိပ်စာလေးတွေ ညွန်းချင်ပါတယ်....။ သိပ်အများကြီးတော့ မဟုတ်ပေမယ့် Beginner တွေအတွက်တော့ အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်....။ Site လိပ်စာများကတော့ -
http://www.mmwordpress.com
http://www.ostraining.com ပါပဲ...။
mmwordpress မှာ Wordpress အသုံးပြုပုံအကြောင်း မြန်မာလို Ebook ကို Download ချပြီး လေ့လာနိုင်ပါတယ်....။ ostraining ကတော့ Wordpress Tutorials တွေကို ဖတ်ရှုနိုင်ပါတယ်....။

0 comments: