ဒီနေ့ ကံမကောင်းပါလား....

" ဒီနေ့ ကံမကောင်းပါလား " ဆိုတဲ့စကားလေးက ဆွေမင်း(ဓနုဖြူ) ရေးတဲ့ မြိုင်ရာဇာတွတ်ပီ ကာတွန်းတွေထဲက မြိုင်ရာဇာတွတ်ပီ ကံမကောင်းတဲ့အခါတိုင်းမှာ ငြီးတွားပြောဆိုတတ်တဲ့စကားလုံးလေးပါ...။ ကျနော်က မြိုင်ရာဇာတွတ်ပီ ပရိသတ်ဆိုတော့ အဲဒီစကားစုလေးကို ကျနော် ကံမကောင်းတဲ့အခါတိုင်း စိတ်ညစ်တဲ့အခါတိုင်းမှာ သတိရမိတယ်....။ ကျနော်ကတော့ ဒီနေ့ကံမကောင်းပါလား ဆိုတာထက် ဒီလပိုင်း ဒီနှစ်ပိုင်းမှာ ကံမကောင်းပါလားလို့ကို ပြောရမလိုဖြစ်နေတယ်....။ ဟုတ်တယ်လေ....အခုရက်ပိုင်းမှာ အဆင်မပြေမှုတွေ ခါတိုင်းထက် များနေသလိုခံစားရတယ်....။ လုပ်တာကြာနေပြီဖြစ်တဲ့ အလုပ်တစ်ခုကနေ သင်္ကြန်ပြီးလောက် ထွက်လိုက်ပြီးနောက် အလုပ်သစ်တစ်ခု ၀င်လုပ်တယ်လေ....အလုပ်ခွင်ထဲမှာလည်း ၀င်ခါစမို့ထင်ပါရဲ့ အခက်အခဲတွေ အဆင်မပြေမှုတွေနဲ့ပေါ့....အလုပ်တာဝန်ကို ကျေပွန်အောင် အတတ်နိုင်ဆုံးကြိုးစား လုပ်ဆောင်ပါတယ်....အားလုံးနဲ့လည်း အဆင်ပြေအောင်ဆက်ဆံတာပါပဲ.....ဒါတောင် ကျနော်က ပြုံးပြပေမယ့် ကျနော့်ကို ပြန်မပြုံးပြတဲ့သူတွေကလည်းရှိသား.....မျက်လုံးပြူးပြီးတောင် ပြန်ကြည့်သေးရဲ့....။ အလုပ်ထဲမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းရင်းနှီးနှီးခင်ခင်မင်မင် ဆက်ဆံချင်တာ ကျနော့်ရဲ့ ကြီးမားတဲ့ ဆန္ဒတစ်ခုပါ.....ဒါပေမယ့် ကျနော့် လုပ်ဖော်ကိုင်ဖက်တွေဟာ ကျနော့်ကို စိမ်းကားနေသလိုခံစားရတယ်....။ သူတို့ကို ပြုံးပြမိတဲ့အခါတိုင်းလည်း သူတို့တွေ မျက်နှာက ခပ်တည်တည်.....ကြာတော့ ဘယ်လိုနေရမယ်မှန်းကို မသိတော့.....ကျနော့်ကို ကျနော်လည်း ပြန်စဉ်းစားမိတယ်....ငါ ဘာများမှားနေ သလဲပေါ့....ဘာလိုကြောင့်များ ကျနော့်ကို အဲလိုဆက်ဆံနေကြသလဲမသိ.....ကြာတော့ အဲဒီကိစ္စကို စဉ်းစားမိတိုင်း ခေါင်းခြောက်လာတယ်.....နေ့တိုင်းတွေ့နေ ဆက်ဆံနေရတော့လည်း ကိုယ့်အပေါ်သူတို့ ဆက်ဆံပုံတွေကြောင့် စိတ်ညစ်မိပြန်ရော....။ တခါတလေ စိတ်ပျော်ရွှင်တဲ့ရက်ဆိုတာတော့ ရှိတာပေါ့....။ ဒါပေမယ့် စိတ်ပျော်ရွှင်ရတဲ့ရက်ထက် စိတ်ညစ်တဲ့ရက်တွေက ဒီလပိုင်း အတောအတွင်းမှာ များနေတယ် ...။ ဒါကြောင့်ပဲ ဒီနေ့ကံမကောင်းပါလား ဆိုတဲ့စကားနဲ့ကို မလုံလောက်လို့ ဒီလ ကံမကောင်းပါလားလို့ ပြောရ
တာပေါ့.....။
စိတ်ညစ်မိတဲ့အခါတိုင်း....စိတ်ဓာတ်ကျမိတဲ့အခါတိုင်း ကိုယ့်ကိုကိုယ် အားပေးမိပါတယ်......။ လဲရင်ပြန်ထ ဒါဘ၀ပဲတဲ့လေ.....ဘ၀ကို ဒုက္ခကြိုးဝိုင်းထဲမှာ ဇွဲနဲ့အလဲထိုး တဲ့....။ ကိုယ့်ကိုကိုယ် အားပေးရင်းနဲ့ပဲ ဘ၀ကို ရင်ဆိုင်နေရတာပဲ....အလုပ်ဆိုတာကလည်း မလုပ်လို့မှ မရတာ....လုပ်ရမှာပဲမလား.....ဖြစ်နိုင်ရင်တော့ ကိုယ်ဝါသနာပါတဲ့ ကွန်ပျူတာအလုပ်ကိုပဲ လုပ်ချင်တာပေါ့.....ကိုထိန်လင်းရွှေ....ကိုမောင်လှ...တို့ကို အားကျမိပါရဲ့....ဒီလိုတွေးမိပြန်တော့ သူတို့လို ကွန်ပျူတာ အလုပ်တွေလုပ်ဖို့ဆိုတာက ပညာရပ်ဆိုင်ရာ တတ်ကျွမ်းမှဖြစ်တာ....ဘယ်မလဲ ငါ့မှာ ပညာ....။ တတ်အောင်သင်ဖို့ကလည်း အခက်သား....။ ခုခေတ်က
ငွေရှိမှ ပညာသင်လို့ရတဲ့ခေတ်.....ကိုယ်ပိုင်ကွန်ပျူတာကလည်း မရှိ.....ပညာရပ်ဆိုင်ရာ သင်တန်းတွေက
လည်း မတက်နိုင်....၀ါသနာပါပေမယ့် ဘာမှလုပ်လို့မရတဲ့အခြေအနေ.....။ ကြာတော့ ပညာသင်ဖို့ ငွေမရှိ 
ငွေမရှိလို့ ငွေကိုရှာ...ငွေနောက်ကိုလိုက်.....။ ဒါနဲ့ ငွေကိုရှာနေရင်း သင်ချင်တဲ့ပညာကို  ဘယ်အချိန်ရှာရ
မယ်မှန်းကိုမသိတော့.....ကြာတော့ ငွေနောက်လိုက်ရင်း ပညာသင်ဖို့အသက်ကြီးသွားမလား ဆိုတာ စိုးရိမ် 
နေရတယ်.....။
တကယ်တော့လည်း ဘ၀ဆိုတာ ကိုယ်လုပ်မှ ကိုယ်ရတာပဲလေ....ကိုယ့်အခြေအနေဆိုတာလည်း ကိုယ်ကြိုး
စားမှ တိုးတက်မှာပဲ ဘယ်သူလာလုပ်ယူပေးလို့ရမတဲ့လဲ.....No one can make you great except yourself တဲ့....ကိုယ့်အနာဂတ်ဆိုတာ ကိုယ့်လက်ထဲမှာပဲရှိတာပါ.....လူတစ်ကိုယ်မှာ စိတ်က ဦးဆောင်တာ
တဲ့....ဦးဆောင်တဲ့ စိတ်ဆိုတာက ကျဆင်းနေရင် ဘ၀မှာရော ဘာတွေဖြစ်သွားမလဲ....ကျဆင်းတော့မှာပေါ့
.....။ နောက်ဆုံးမှာ လူတစ်ယောက်ရဲ့ ယုံကြည်ချက် ၊ ထက်သန်ပြင်းပြစိတ် ၊ တိကျတဲ့ရည်ရွယ်ချက် ၊ စိတ်ဓာတ်ခွန်အား ၊ မလျော့သောဇွဲနဲ့ ကြိုးစားအားထုတ်မှုတွေကသာ ဘ၀ကို တိုးတက်ပြောင်းလဲစေတာပါ..
.....။ အောက်ဆုံးမှာရှိနေတဲ့ လူတစ်ယောက်ပင် ဖြစ်ပါစေ...အဲဒီလို အရည်အချင်းတွေသာ ပြည့်ဝခဲ့မယ်ဆို
ရင် သူ့ဘ၀ဟာလည်း အချိန်ကာလတစ်ခုအတွင်းမှာ မထင်မှတ်လောက်အောင်ကို ပြောင်းလဲသွားစေနိုင်ပါ
တယ်......။
နောက်ဆုံးတော့လည်း ဒီလိုအတွေးအခေါ်အယူအဆတွေနဲ့ပဲ ကိုယ့်ကိုကိုယ် အားပေးရတော့တာပါပဲ....ဒီနေ့
စိတ်ဓာတ်ကျ....စိတ်ညစ်မိတာနဲ့ ဒိုင်ယာရီ သဘော ဒီပို့စ်ကို ရေးဖြစ်တာပါ.....။ ဒါကတော့ ဘယ်သူနဲ့မှ မသက်ဆိုင်တဲ့ ကျနော်နဲ့သာ သက်ဆိုင်တဲ့ ကျနော့် ခံစားချက်သက်သက်ပါ....။ ဒီပို့စ်ကို ဖတ်မိသူလည်း ဖတ်ရင်း စိတ်ရှုတ် စိတ်ညစ်သွားမယ်ဆိုရင် တောင်းပန်ပါတယ်.....။ မျက်စိလည် လမ်းမှားပြီး  လာဖတ်သူ
များရှိခဲ့ရင် ကျေးဇူးအထူးတင်ပါ၏.....။

0 comments: