ဒီနေ့ .....

ဒီနေ့ ၁၇.၁.၂၀၁၂ ရက်နေ့ ည ၈ နာရီကားနဲ့ မကွေးကို ခရီးထွက်ရမယ်။ ဒါတောင် Blog နဲ့ပတ်သက်လို့ လုံးပန်းပြီး ရူးသွပ်နေဆဲ။ အင်တာနက်ထိုင်တာ ၄ နာရီကျော်နေပြီ။ Blog Template ကို စိတ်ကြိုက်ရှာတယ်။ နောက်တော့ တွေ့တယ်။ ပြောင်းကြည့်တယ်။ Template ပြောင်းရတာအဆင်ပြေပါတယ်။ Peekaboo ပို့စ်ခေါက်တာ မရှိလို့ဆိုပြီး အဲဒီအတွက် တခြားလေ့လာသင်ယူနေရတဲ့ Blog ဆိုက်တွေကနေသွားကြည့်ပြီး တဆင့်ခြင်းလုပ်ဖြစ်တယ်။ နောက်တော့ Template ထဲမှာအဆင်သင့်ပါပြီးသားပဲဆိုတာ အချိန်ကုန်ခံလုပ်ကြည့်ပြီးမှ သိလိုက်ရတယ်။ အဲဒီတော့ Template File ကိုအသစ်ပြန်တင်ရတာပေါ့။ အဆင်ပြေသွားပါတယ်။ အခုတော့ အိုကေပြီပေါ့။ Template လေးက အခုမှပဲ စိတ်တိုင်းကျတော့တယ်။ Template ပြောင်းတာ ဒီတခါပြောင်းတဲ့ Template ကို
စိတ်တိုင်းအကျဆုံးပဲ။ နောက်ဆုံး Widget လေးတွေ တတ်သလောက်ပေါင်းထည့်ပြီး ကြည့်ကောင်းအောင်အလှဆင်လိုက်တယ်။ နေ့လည်စာတောင်မစားပဲ အငတ်ခံပြီး လုပ်နေတာ အဆင်ပြေတယ်ဆိုတော့ အောင်မြင်တယ်ပြောရမှာပေါ့။ တက်သစ်စ Blogger ဆိုတော့ ဘာမှ သိပ်နားမလည်ဘူး။ ဟိုစမ်းစမ်း ဒီစမ်းစမ်းနဲ့ လုပ်ကြည့်နေရတယ်။ အချိန်ကုန် ငွေကုန်ခံရတာပေါ့။ Blog ၀ါဿနာက တယ်ကြီးတာကိုးလေ။ ခရီးလည်းသွားရဦးမယ်....ပြင်ဆင်ရဦးမယ်....အချိန်လည်း နောက်ကျနေပြီ။ နားဦးမည်...။

1 comments:

နေမိုးငယ် said...

ဟိုင်း...ဘယ်သူမှ လာဖတ်သူလည်း မရှိ Comment ပေးမယ့်သူလည်းမရှိလို့ ကိုယ့်ဖာကိုယ်ပေးကြည့်တာ....ဟီး...။