ဒီနေ့.......3 March 2012

မနေ့က မန္တလေးကို အမေစု ရောက်တယ်။ ညနေပိုင်းလောက်မှာ ရောက်ရှိတာဖြစ်ပြီး ရန်ကုန်-မန္တလေး၊ ၇၈လမ်း တလျှောက် ယာဉ်ကြောပိတ်ဆို့သွားအောင် စည်ကားပြီး မန္တလေး လူထုမှ စည်ကားသိုက်မြိုက်စွာ ကြိုဆိုခဲ့တယ်လို့သိရတယ်။ ကျနော်ကတော့ ရုံးတက်နေရတာရော ကိုယ့်အလုပ်နဲ့ ကိုယ်မို့ အမေစုကို မကြိုနိုင်ခဲ့ဘူး။ ဒီနေ့ မတ်လ (၃)ရက်နေ့ အောင်ပင်လယ် ဘောလုံးကွင်းနေရာမှာ စည်းရုံးရေးဟောပြောပွဲလုပ်ပါတယ်။ သွားရောက်နားထောင်လိုပေမယ့် ရုံးမှ နားရက်ယူရန်အဆင်မပြေတာကြောင့် မသွားဖြစ်ပါဘူး။ ဒီနေ့မှာပဲ အရင်ရက်တွေကနဲ့မတူ မိုးအုံ့ပြီး မိုးရွာပါတယ်။ တစ်နေကုန်ကို မိုးအေးနေတယ်။ မိုးကလည်း တဖြောက်ဖြောက်နဲ့ပဲ။ မနက်ပိုင်းမှာ မိုးမရွာပဲ မိုးအုံ့ပေမယ့် နေ့လည်ပိုင်းနဲ့ ညနေပိုင်းတွေမှာ မိုးရွာလာတယ်။ အမေစု ဟောပြောပွဲလုပ်မယ့်အတွက် နေအပူဒဏ် သက်သာအောင် မိုးဓာတ်နဲ့အေးစေတာလားဆိုပြီး ယူဆစရာဖြစ်ပါတယ်။ အမေစု ဟောပြောပွဲကို တက်ရောက်ချင်ပါတယ်။ အမေစု အားမာန်အပြည့်နဲ့ ဟောပြောမယ့် အကြောင်းအရာတွေကို နားထောင်ချင်ပါတယ်။ ဒါပေမယ့် ကျနော့်အတွက် အခွင့်မသာတာကြောင့် ဟောပြောပွဲကို မရောက်ဖြစ်ခဲ့ပါဘူး။ အဲဒီအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ မနက်ဖြန်ဆိုရင် မတ်လ (၄)ရက်။ တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်ပေမယ့် Overtime ဆင်းရဦးမယ်။  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၄)ရက်နဲ့ (၅)ရက်မှာ Barcamp Mandalay ကျင်းပပြုလုပ်ခဲ့တယ်။ အဲ့တုန်းကလည်း Barcamp တက်ချင်ရဲ့နဲ့ အလုပ်ကိစ္စနဲ့ နယ်ခရီးထွက်နေရတာကြောင့် Barcamp မတက်ခဲ့ရပါဘူး။ ဒီနှစ်ထဲမှာ အလုပ်တွေနဲ့ နပန်းလုံးနေရတာနဲ့တင် တချို့ဖြစ်ချင် လုပ်ချင်တဲ့ ကိစ္စတွေ လက်လွတ်လိုက်ရတာမျိုးတွေ ဖြစ်နေတယ်။









0 comments: