မကွေးမှာ အမေစုကို ကြိုဆိုဖို့ ပြင်ဆင်နေကြတာ

အညာဒေသ မကွေး၊ ကျောက်ပန်းတောင်း၊ တောင်တွင်းကြီး၊ ရေနံချောင်း ဘက်တွေမှာ အမေစု စည်းရုံးရေးခရီးစဉ်ရှိတဲ့အတွက် မကွေးမြို့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ကြော်ငြာရိုက်ရင်း စားပွဲထိုးလေးတွေ အမေစု ကိုကြိုဆိုဖို့ ပြင်ဆင်လေ့ကျင့်နေတာကို ဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။ ကျနော် ဓာတ်ပုံရိုက်တုန်းကတော့ အမေစု ရဲ့ အညာဒေသ စည်းရုံးရေးခရီးစဉ် မဖျက်သိမ်းသေးပါဘူး။ နောက်ပိုင်း အမေစုရဲ့ ကျန်းမာရေးအခြေအနေကြောင့် မကွေးတိုင်း စည်းရုံးရေးခရီးစဉ် ဖျက်သိမ်းလိုက်ရကြောင်း ကြားသိရပါတယ်။ အမေစုကိုချစ်တဲ့ အညာသူ၊ အညာသားများ ကြိုဆိုဖို့ပြင်ဆင်ထားပြီး ခရီးစဉ်ဖျက်သိမ်းလိုက်တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။


 






0 comments: