Merchandiser

ကျနော် Merchandiser တစ်ယောက်ပါ။ ၀ါသနာပါတာက ကွန်ပျူတာပညာရပ်ဆိုင်ရာကို ၀ါသနာပါပေမယ့် လက်ရှိမှာတော့ Merchandiser တစ်ယောက်အဖြစ်ရပ်တည်နေပါတယ်။ ကျနော် ဒီအလုပ် လုပ်တာ သိပ်မကြာသေးပါဘူး။ အခုဆို လေးလကျော်ပြီး ငါးလပြည့်တော့မှာပါ။ အရင်က Marketing အတွေ့အကြုံမရှိခဲ့ပါဘူး။ လက်ရှိအလုပ်ဝင်ကာစမှာ ကျနော့်အတွက် အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်။  Marketing အကြောင်း ၊ Marketing သဘောသဘာဝတွေကိုလည်း နားမလည်တဲ့အတွက် လေ့လာသင်ယူခဲ့ရတယ်။ လက်ရှိမှာလည်း လေ့လာသင်ယူဆဲဖြစ်သလို နောက်လည်း လေ့လာသင်ယူနေရဦးမယ်။ Marketing ဆိုတာ ပညာရပ်တစ်ခုဖြစ်သလို စိတ်ဝင်စားစရာကောင်းတဲ့ အလုပ်တစ်ခုလည်းဖြစ်တယ်ဆိုတာ သိခဲ့ရတယ်။ တကယ်လို့ ၀န်ထမ်းဘ၀ကိုစွန့်လွတ်ပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို လုပ်ကိုင်ရပ်တည်မယ်ဆိုရင် Marketing အမြင်က အရေးပါ ပါတယ်။ Marketing အမြင်ရှိသူ တစ်ယောက်လုပ်တဲ့ လုပ်ငန်းနဲ့ အမြင်မရှိသူတစ်ယောက်လုပ်တဲ့ လုပ်ငန်းရဲ့ အောင်မြင်မှုကွာခြားချက်က သိသာလှပါတယ်။ ဒါကလည်း ကျနော် ဒီအလုပ်ကို လုပ်ဖြစ်မှ သိလာခဲ့တာပါ။ Company တစ်ခုမှာ Product အသစ် တစ်ခုထုတ်တော့မယ်ဆိုရင် အဲဒီပစ္စည်း ဒါမှမဟုတ် အဲဒီထုတ်ကုန် ဈေးကွက်မှာ


From Blogger to Wordpress

ကျနော် Blogger ကိုပစ်ထားခဲ့တာကြာခဲ့ပါပြီ....ကျနော်တို့ မြန်မာ ISP က Blogger ကိုအငြိုးကြီးစွာ ပိတ်ပင်ထားခဲ့တဲ့အတွက် Blog ရေးလိုတဲ့ ကျနော်တို့လို လူတွေအဖို့ Blogger ကိုကျော်ခွဝင်ရောက်နေရတာဟာ အခက်အခဲတစ်ခုပါ....တခါတရံ ကျော်ခွရတာ အဆင်ပြေတာလည်းရှိသလို အဆင်မပြေတာတွေလည်း ရှိပါတယ်....တခြားသူတွေ ကျော်ခွရတာ အဆင်ပြေ မပြေတော့ မသိပေမယ့် ကျနော့်အတွက်တော့ ကျော်ခွရတာဟာ အဆင်မပြေပါဘူး....ဒါကြောင့် ကျနော် Blog ရေးဖို့အတွက် Blogger ကို လက်လျှော့လိုက်ပြီး Wordpress မှာ Blog ရေးဖြစ်ပါတယ်.....။ ကျနော်က Wordpress နဲ့ နီးစပ်သူမဟုတ်ပါဘူး.....Blogger ကိုကျော်ခွလို့ အဆင်မပြေမယ့်အတူတူ Wordpress ကိုသုံးကြည့်မယ်ဆိုပြီး စမ်းသုံးကြည့်ဖြစ်ခဲ့ပါတယ်....။ အစပိုင်းမှာ Wordpress ရဲ့ သဘောတရားကို သိပ်နားမလည်တော့ တော်တော်လေး အခက်ကြုံခဲ့ရပါတယ်...။ နောက်ပိုင်း လေ့လာရင်း တတ်သိသူတွေကို မေးမြန်းရင်းနဲ့ပဲ Wordpress မှာ Blog တစ်ခု ဖန်တီးရေးသားဖြစ်ခဲ့ပါတယ်....။ တချို့ကတော့ ပြောကြတယ်...အထူးသဖြင့် Wordpress ကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်သူတွေကတော့ Wordpress ဟာ Blog တစ်ခုဖန်တီးဖို့ဆိုတာထက် ပိုပြီး လုပ်ဆောင်နိုင်တယ်....Website တစ်ခုဖန်တီးလို့ရတဲ့အထိ လုပ်ဆောင်နိုင်တယ်လို့ ပြောကြပါတယ်....Wordpress နဲ့ Website ဖန်တီးထားတာတွေလည်း ရှိတယ်လို့ ပြောကြပါတယ်....။ ကျနော်ကတော့ အဲလောက်အထိ မကျွမ်းကျင်ပါဘူး....Wordpress နဲ့ Blog တစ်ခုဖန်တီးဖို့ကို မနည်းကြိုးစားခဲ့ရပါတယ်....။ တခြားသူအတွက် ဒါဟာ အခက်အခဲကြီး တစ်ခုမဟုတ်ပေမယ့် ကျနော့်အတွက်တော့ အခက်အခဲကြီးတစ်ခုပေါ့....။ အခုတော့ Wordpress အကြောင်းကို ထိုက်သင့်သလောက် နားလည်လာခဲ့ပါတယ်....ဒီထက်ပိုသိဖို့ကိုလည်း လေ့လာ
ရပါဦးမယ်.....။ Wordpress ရဲ့ ထူးခြားမှုတွေနဲ့ စွမ်းဆောင်ရည်တွေကို အပြည့်အ၀နားလည်နိုင်ဖို့ အသုံးပြုနိုင်ဖို့ကိုတော့ အချိန်ပေးရပါဦးမယ်....။ အခုတော့ http://www.blogger.com ကို ဖွင့်ပေးလိုက်ပြီ ဖြစ်တဲ့အတွက် ကျနော် Blogger ပေါ်မှာ Blog ဆက်ရေးဦးမှာပါပဲ....။ Wordpress ကိုလေ့လာတယ်ဆိုပေမယ့် Blogger ကိုလည်း သံယောဇဉ်မကုန်သေးပါဘူး....။ Blog ရေးဖို့အတွက် ကျနော် ရူးရူးသွပ်သွပ် ဖြစ်ခဲ့ရတာဟာ Blogger.com ပါပဲ....။ တကယ်လို့ Wordpress ကို စတင်လေ့လာမယ်ဆိုရင်တော့ လေ့လာကြည့်သင့်တဲ့ Site လိပ်စာလေးတွေ ညွန်းချင်ပါတယ်....။ သိပ်အများကြီးတော့ မဟုတ်ပေမယ့် Beginner တွေအတွက်တော့ အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်....။ Site လိပ်စာများကတော့ -
http://www.mmwordpress.com
http://www.ostraining.com ပါပဲ...။
mmwordpress မှာ Wordpress အသုံးပြုပုံအကြောင်း မြန်မာလို Ebook ကို Download ချပြီး လေ့လာနိုင်ပါတယ်....။ ostraining ကတော့ Wordpress Tutorials တွေကို ဖတ်ရှုနိုင်ပါတယ်....။


ဒီနေ့ ကံမကောင်းပါလား....

" ဒီနေ့ ကံမကောင်းပါလား " ဆိုတဲ့စကားလေးက ဆွေမင်း(ဓနုဖြူ) ရေးတဲ့ မြိုင်ရာဇာတွတ်ပီ ကာတွန်းတွေထဲက မြိုင်ရာဇာတွတ်ပီ ကံမကောင်းတဲ့အခါတိုင်းမှာ ငြီးတွားပြောဆိုတတ်တဲ့စကားလုံးလေးပါ...။ ကျနော်က မြိုင်ရာဇာတွတ်ပီ ပရိသတ်ဆိုတော့ အဲဒီစကားစုလေးကို ကျနော် ကံမကောင်းတဲ့အခါတိုင်း စိတ်ညစ်တဲ့အခါတိုင်းမှာ သတိရမိတယ်....။ ကျနော်ကတော့ ဒီနေ့ကံမကောင်းပါလား ဆိုတာထက် ဒီလပိုင်း ဒီနှစ်ပိုင်းမှာ ကံမကောင်းပါလားလို့ကို ပြောရမလိုဖြစ်နေတယ်....။ ဟုတ်တယ်လေ....အခုရက်ပိုင်းမှာ အဆင်မပြေမှုတွေ ခါတိုင်းထက် များနေသလိုခံစားရတယ်....။ လုပ်တာကြာနေပြီဖြစ်တဲ့ အလုပ်တစ်ခုကနေ သင်္ကြန်ပြီးလောက် ထွက်လိုက်ပြီးနောက် အလုပ်သစ်တစ်ခု ၀င်လုပ်တယ်လေ....အလုပ်ခွင်ထဲမှာလည်း ၀င်ခါစမို့ထင်ပါရဲ့ အခက်အခဲတွေ အဆင်မပြေမှုတွေနဲ့ပေါ့....အလုပ်တာဝန်ကို ကျေပွန်အောင် အတတ်နိုင်ဆုံးကြိုးစား လုပ်ဆောင်ပါတယ်....အားလုံးနဲ့လည်း အဆင်ပြေအောင်ဆက်ဆံတာပါပဲ.....ဒါတောင် ကျနော်က ပြုံးပြပေမယ့် ကျနော့်ကို ပြန်မပြုံးပြတဲ့သူတွေကလည်းရှိသား.....မျက်လုံးပြူးပြီးတောင် ပြန်ကြည့်သေးရဲ့....။ အလုပ်ထဲမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းရင်းနှီးနှီးခင်ခင်မင်မင် ဆက်ဆံချင်တာ ကျနော့်ရဲ့ ကြီးမားတဲ့ ဆန္ဒတစ်ခုပါ.....ဒါပေမယ့် ကျနော့် လုပ်ဖော်ကိုင်ဖက်တွေဟာ ကျနော့်ကို စိမ်းကားနေသလိုခံစားရတယ်....။ သူတို့ကို ပြုံးပြမိတဲ့အခါတိုင်းလည်း သူတို့တွေ မျက်နှာက ခပ်တည်တည်.....ကြာတော့ ဘယ်လိုနေရမယ်မှန်းကို မသိတော့.....ကျနော့်ကို ကျနော်လည်း ပြန်စဉ်းစားမိတယ်....ငါ ဘာများမှားနေ သလဲပေါ့....ဘာလိုကြောင့်များ ကျနော့်ကို အဲလိုဆက်ဆံနေကြသလဲမသိ.....ကြာတော့ အဲဒီကိစ္စကို စဉ်းစားမိတိုင်း ခေါင်းခြောက်လာတယ်.....နေ့တိုင်းတွေ့နေ ဆက်ဆံနေရတော့လည်း ကိုယ့်အပေါ်သူတို့ ဆက်ဆံပုံတွေကြောင့် စိတ်ညစ်မိပြန်ရော....။ တခါတလေ စိတ်ပျော်ရွှင်တဲ့ရက်ဆိုတာတော့ ရှိတာပေါ့....။ ဒါပေမယ့် စိတ်ပျော်ရွှင်ရတဲ့ရက်ထက် စိတ်ညစ်တဲ့ရက်တွေက ဒီလပိုင်း အတောအတွင်းမှာ များနေတယ် ...။ ဒါကြောင့်ပဲ ဒီနေ့ကံမကောင်းပါလား ဆိုတဲ့စကားနဲ့ကို မလုံလောက်လို့ ဒီလ ကံမကောင်းပါလားလို့ ပြောရ
တာပေါ့.....။


စိတ်ညစ်မိသော အရာများ

စိတ်ညစ်စရာဆိုတာ လူတိုင်းမှာ ရှိတတ်ကြတဲ့ ခံစားမှုတစ်ခုပါ....ကျနော်လည်း ကျနော်စိတ်ညစ်မိတဲ့ အကြောင်းအရာလေးတွေကို Blog မှာရေးပြီး ရင်ဖွင့်ချင်မိတယ်....ဒါမှလည်း ရင်ထဲပေါ့သွားမယ်လေ....။ 

အင်တာနက်သုံးတိုင်း ကျနော့်အတွက် စိတ်ညစ်ရတဲ့ အရာကတော့ Blogger ကိုကျော်ခွဝင်နေရခြင်းပဲ...ကျော်ခွရတာဖြစ်တဲ့အတွက် Blog Template ကို စိတ်ကြိုက်ပြောင်းလို့မရဘူး....Widget လေးတွေကိုလည်း စိတ်ကြိုက်ပေါင်းထည့်ခွင့် တည်းဖြတ်ခွင့်မရှိဘူး....မြန်မာနိုင်ငံဟာ Google က အခမဲ့ပေးထားတဲ့ Blogger ကို မရမက ပိတ်ထားတာဟာ အဆိုးဝါးဆုံးလုပ်ရပ်တစ်ခုလို့ပဲ ကျနော်တော့ မြင်မိတယ်...ဘာလို့လဲဆိုတော့ ကျနော်က Blogger တစ်ယောက်ဖြစ်ချင်နေတာကိုး....။

Blogger ကိုပိတ်ထားတဲ့အတွက် Wordpress မှာ Blog ရေးလို့အဆင်ပြေနိုင်ပါတယ်....ဒါပေမယ့် ကျနော့်အတွက်က Wordpress ကိုကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ဖို့ ခက်ခဲနေဆဲပဲ....သုံးတတ်ဖို့အတွက်လည်း ထိုက်သင့်သလောက်လေ့လာဖြစ်ပါတယ်...ခုထက်ထိတော့ အဆင်မချောသေးဘူး.....ပြီးခဲ့တဲ့ လေးလလောက်တော့ CMS Camp ကိုသွားရောက်ဖြစ်တယ်....အဲမှာလည်း Wordpress သုံးပုံသုံးနည်းကို ပြောပြပါတယ်....ဒါပေမယ့် ကျနော်က နည်းနည်းဒုံးဝေးတော့ သိပ်မရှင်းဘူး....အခုအခက်အခဲဖြစ်နေတာကတော့ Wordpress မှာ စိတ်ကြိုက် Theme ပြောင်းချင်တာပဲ...ပြောင်းဖို့က Wordpress ကို Install လုပ်ရမယ်လေ.....CMS Camp မှာ နားထောင်ခဲ့သလောက် Wordpress ကို Installl လုပ်ကြည့်တယ်....ဒါပေမယ့် ERROR ပြပြီး ဘာမှဆက်လုပ်လို့ မရတော့ဘူး....။ ဒါဟာလည်း ကျနော့်အတွက်တော့ စိတ်ညစ်ရတဲ့ အရာတစ်ခုပဲပေါ့.....နည်းပညာနဲ့ပတ်သက်ရင် ကျနော် တတ်သိတာနည်းတဲ့အတွက် အဆင်မပြေဖြစ်ရတာကပဲ များပါတယ်....အင်တာနက်သုံးရင် စမ်းသပ်ကြည့်တယ်...လုပ်ကြည့်တယ်....ဒါပေမယ့် အဆင်မပြေတာကပဲ များတယ်....နည်းပညာနဲ့ပတ်သက်တဲ့ ကုသိုလ်ကံနည်းလို့ပဲ ထင်ပါရဲ့.....။ 

( စိတ်ညစ်မိတဲ့အရာတွေ ရှိသေးပေမယ့် ဒီမှာ ခဏနား၏.....။ )


အောင်မြင်မှုလမ်းညွန် ၁၀ ချက်

လူတိုင်းကို ပြုံးရွှင်ချိုသာစွာ ပြောဆိုဆက်ဆံပါ။ " မင်္ဂလာပါ " ဆိုတဲ့ နှုတ်ခွန်းဆက်သံဟာ ကြားရသူကို    ကြည်နူးစေပါတယ်။ 


မိမိမျက်နှာမှာ " အပြုံး " ကိုဆောင်ပါ။ မျက်မှောင်ကြုတ်ရဖို့ မျက်နှာပြင်မှာ အကြော ၇၂ ခုလှုပ်ရှားပြီး ပြုံးဖို့ကတော့ အကြော ၁၄ ခုသာ လှုပ်ရှားရပါတယ်။ ဒီတော့ ပြုံးရတာကပိုပြီး သက်သာလွယ်ကူပါတယ်။ အစဉ်အမြဲ ပြုံးနိုင်ပါစေ။ လောကကို အပြုံးနဲ့အလှဆင်ပါ။


လူတိုင်းကို နာမည်ခေါ်ပြီး ပြောဆိုပါ။ မိမိရဲ့နာမည်ကို တစ်ဖက်လူက အသိအမှတ်ပြုကာ ခေါ်ပြောဆက်ဆံ
ခံရတာကို လူတိုင်းဝမ်းသာပါတယ်။ လူနဲ့ နာမည်ယဉ်တွဲမှတ်မိတတ်သူအဖို့ လူချစ်လူခင်ပေါများစေပါတယ်။


လူတိုင်းအပေါ် မေတ္တာထားပြီး ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ဆက်ဆံပါ။ စေတနာနဲ့ အကူအညီပေးပါ။ တုံ့ပြန်မေတ္တာကို ခံစားရမှာပါ။


လူတိုင်းကို စိတ်ရောကိုယ်ပါ လှိုက်လှဲစွာဆက်ဆံပါ။ လူတွေနဲ့ပေါင်းသင်း ဆက်ဆံရတာ ကျေနပ်စရာပါ။ မိတ်ဆွေများခြင်းဟာ အောင်မြင်ဖို့အကြောင်း တစ်ခုဖြစ်ပါတယ်။


လူတွေကို စိတ်ဝင်စားပါ။ သူတို့ရဲ့ ဘ၀ကို သိရှိနားလည်ပြီး စာနာစိတ်ထားပါ။


လူတွေကို ချီးမွမ်းရာမှာ ရက်ရောပါ။ လူတို့ရဲ့ အားသာချက်ကို ဖော်ထုတ်ချီးကျူးပါ။ အားနည်းချက်ကို
ထောက်ပြဝေဖန် အပြစ်တင်တာ မလုပ်ချင်ပါနဲ့။ 

သူတစ်ပါးရဲ့ အတွေးအမြင်ကို လေးစားပါ။ ကိစ္စတိုင်းမှာ မတူတဲ့အတွေး အမြင်ရှိတယ်ဆိုတာကို သဘော
ပေါက် နားလည်ထားပါ။ " သူ့အမြင် ကိုယ့်အမြင်နဲ့ အမှန်တရား " တို့ဟာ ကွဲပြားတတ်ပါတယ်။


သူတစ်ပါးရဲ့ အကျိုးဆောင်လိုတဲ့စိတ်ထားပါ။ ဘယ်သူ့ကိုမဆို ကူညီခွင့်ရတာဟာ ၀မ်းသာစရာပါ။ လူ့ဘောင်လောကမှာ လူသားအဖို့ အများအကျိုး ဆောင်ရွက်ခြင်းဟာ အမြတ်ဆုံးပါ။ ပရဟိတစိတ် မွေးမြူ
ကျင့်သုံးပါ။


( ရနံ့သစ် မဂ္ဂဇင်း...အမှတ် ၂၉ ၊ မေလ ၊ ၂၀၁၁ မှ...)


ပတ္တမြားမြေ ဆီ သို့...

ဖြိုးဖြိုးဖျောက်ဖျောက်နဲ့
ဟိုးတစ်ခေါက်ကလို
မိုးစက်တို့မသာယာခဲ့ ... ... ...
ဘာသာမဲ့မျက်ရည်တွေ
သက်သေတည်
ရက်တွေသည် လဆီသို့
လမှ နှစ်ချီဝေးခဲ့ပြီမို့
နှုတ်ခွန်းဆက်သံလေး
ကြားယောင်နေသေးတယ်
ပြန်လည်ဆုံတွေ့ ကြပါဦးစို့ ... ... ... !
အမှန်တကယ် ပျော်မွေ့ ရာ
အပြာရောင်ကောင်းကင်အောက်က
အပြာရောင် ကွင်းပြင်ထဲ
ဘယ်တော့များ ပြန်ရောက်နိုင်မှာလဲ? ? ?
စွဲလန်းတဲ့အိပ်မက်တွေရယ် ... ... ...
သုံးထောင့်ရှစ်ရာ ရေပြင်ထက်က
ဒီမြို့ လေးမှာ ငမောက်က အစပြု
ပတ္တမြားတွေ စုဝေးလို့
ရှေးဘုရင်တို့ နန်းသုံးမျိုးပင်
ဘုန်းတောက်ခြင်း အနက်ဆောင်
ခုထိအောင် ပေါက်ဖွားဆဲ ... ... ...
ကမ္ဘာကသိဖို့ ပတ္တမြားတွေဖြန့်ချိလို့
အနုပညာပွင့်လင်းသာသူ တချို့ ရဲ့ဇာတိ
ဝိပသနာ ပြန့်ပွားတဲ့နေရာငယ်
အေးလွန်းတယ်လို့သိခဲ့ ကြ ... ... ...
မဝေးလှတဲ့ ဒေသကို
လှမ်းခဲ့ဖို့တော့ ကြိုးစားဆဲ
ဒီတစ်ခေါက်များ ရောက်ခဲ့မယ်ဆို
မိုးကုတ်မှာပဲ
အရိုးထုတ်တော့မယ်လို့ ... ... ... ။


ကျနော် နဲ့ Blogger

ကျနော် Blog ရေးတာကို အရမ်းဝါသနာပါတဲ့သူပါ....ဒီအတွက် Blog ရေးနိုင်ဖို့ အခုထိ Blogger ကိုတတ်သလောက်နည်းလမ်းမျိုးစုံနဲ့ ကျော်ခွနေရပါတယ်....ဒါပေမယ့် MPT က ပညာရှင်တွေ ပညာပြထားတော့ ဘယ်လိုမှ ကျော်ခွတာတောင် အဆင်မပြေပါဘူး....နောက်ဆုံးတော့ ဘယ်လိုပဲဖြစ်ဖြစ် ရတဲ့နည်းနဲ့တော့ ရေးမယ်ဆိုပြီး Mail to Blog နည်းနဲ့ ရေးဖြစ်ပါတယ်.....။ တခါတလေမှာလည်း Blogger ကိုပိတ်ထားတဲ့အတွက် ဘာကြောင့် Blogger.com ကို အငြိုးကြီးကြီးနဲ့ မုန်းတီးနေရတာလဲ ဆိုတာတွေးမိပြီး ဒေါသဖြစ်မိတယ်.....နောက်တော့လည်း ဒါက မြန်မာနိုင်ငံပဲလေ...ဒီလောက်တော့ ရှိမှာပေါ့လို့ တွေးပြီး ဖြေသိမ့်မိပါရဲ့.....။ ရှေ့ဆက်ပြီး Mail to Blog နည်းနဲ့ Post တွေ ဆက်ရေးဖြစ်နေဦးမှာပါ....ကျနော့် Blog ကို မျက်စိလည်လမ်းမှားပြီး ရောက်လာတဲ့သူတွေလောက်သာ ၀င်ဖတ်မိကြမှာပါပဲ....။ ဘာလို့လဲဆိုတော့ ကျနော် Blog ရေးတာ အခုမှအစဖြစ်သလို ကျနော့် Blog ကိုသိတဲ့လူမှ မရှိသေးတာ....။ ကျနော်ကတော့ ဘယ်သူ ၀င်ဖတ်ဖတ် မဖတ်ဖတ်ပါ....ကျနော့် ခံစားချက်တွေ.....အတွေးအခေါ်တွေ....တတ်သိထားတဲ့ နည်းပညာအကြောင်းလေးတွေ....ကို ဒီ Blog မှာ Post အဖြစ်ရေးတင်သွားမှာပါ.....။ လာဖတ်တဲ့သူများရှိခဲ့ရင်လည်း ကျေးဇူးအရမ်းတင်ပါတယ် လို့ ပြောချင်ပါတယ်.....။