Saturday, July 21, 2012

ညံ့မနေဖို့တော့ လိုတယ်

လူတစ်ယောက် ဟာ ညံ့နေဖို့လွယ်တယ်
တော်ဖို့က ခက်တယ်....
သူများထက် သာချင်ရင် သူများထက် ပိုကြိုးစားရမှာပဲ
ပိုပေးဆပ်ရမယ်...ပိုပြီး အပင်ပန်းခံနိုင်ရမယ်
ဒါကြောင့် သူများထက်သာအောင်၊ တော်အောင်
ကြိုးစားရတယ်ဆိုတာ ပင်ပန်းတယ်...ခက်တယ်...။

ညံ့ဖို့ဆိုတာက အသာလေး ရေစုန်မျောလိုက်ရသလိုပဲ
အပျင်းကြီးမယ်...အအိပ်ကြီးမယ်...အချိန်ဖြန်းမယ်...
လူတိုင်း ညံ့အောင်နေနိုင်ကြတယ်....
ဒါကြောင့် လူညံ့တွေ များနေတာပဲ...။
လူတိုင်း တော်အောင်မနေနိုင်ဘူး...
ဒါကြောင့်လည်း လူတော်တွေ နည်းနေတာပေါ့...။

လူညံ့လုပ်ချင်သလား.....?
အလွယ်လေးပါ...
သက်သောင့်သက်သာ ဇိမ်နဲ့နေရုံပေါ့...။
လူတော်ဖြစ်ချင်သလား...?
အပင်ပန်းခံနိုင်ရမယ်...ဇွဲရှိရမယ်...
ဝီရိယ ရှိရမယ်...ပေးဆပ်နိုင်ရမယ်....စသဖြင့်ပေါ့....
ဒီထက်မကတဲ့ အချက်တွေလည်း အများကြီးပါ...။
လူတော်ဖြစ်ဖို့ သူများထက်သာဖို့ အမြဲတမ်း
ခေါင်းထဲထည့်ထားရတယ်....။
သူ့အတွက်က တော်ဖို့ ထူးချွန်ဖို့
တခြားသူတွေထက် အကောင်းဆုံး စွမ်းဆောင်ပြနိုင်ဖို့....။

လူတော်တစ်ယောက်ဖြစ်အောင်
လူတိုင်းမလုပ်နိုင်ပေမယ့်
လူ့လောကရဲ့ ဘယ်နေရာမှာမဆို
ဘယ်လုပ်ငန်းဌာန...ဘယ်ပတ်ဝန်းကျင်မှာမဆို
ဘယ်အဖွဲ့အစည်းမှာမဆို
လူတော်တွေကိုသာ အလိုရှိတတ်ကြတယ်
လိုချင်တတ်ကြတယ်....အားကိုးကြတယ်...။
လူညံ့ကိုတော့ လူ့လောကရဲ့ ဘယ်နေရာမှာမှ
အလိုမရှိကြဘူး...မလိုချင်ကြဘူး....။

လူတော်တွေ နေရာရသလောက်
လူညံ့တွေကတော့ လူတော်တွေအတွက်
ဘေးဖယ်ပေးကြရတာ ဓမ္မတာပဲ....။
အဲဒီတော့ သင်ဟာ
လူတော်တစ်ယောက်အတွက်
သင့်ရဲ့ပိုင်ဆိုင်ထားတဲ့ နေရာတစ်နေရာကို
ဖယ်ပေးချင်သလား ?
သို့မဟုတ်....သင်...
လူတော်လုပ်မလား....? လူညံ့လုပ်မလား....?

လူတော်တစ်ယောက်ဖြစ်အောင်
ကြိုးစားနိုင်တဲ့သူအဖို့ ဘ၀မှာ
အောင်မြင်မှုတွေနဲ့ တိုးတက်ကြီးပွားနိုင်ပါတယ်...။
လူညံ့တစ်ယောက်အဖြစ်ကတော့
ဘ၀မှာ အဆင်မပြေမှုတွေ....
ကျရှုံးမှုတွေ ဒုက္ခတွေနဲ့သာ
ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်...။

အစွန်းတစ်ဖက် က ထူးချွန်ခြင်း တော်ခြင်း
နောက်အစွန်းတစ်ဖက် မှာတော့
အရည်အချင်းမရှိခြင်း ညံ့ဖျင်းခြင်း
သင်ဟာ အစွန်းနှစ်ဖက်မှာ
ဘယ်ဘက်မှ မရောက်ဘူးဆိုရင်တောင်
သင် ညံ့မနေဖို့တော့ လိုတယ်....။
                                                       နေမိုးငယ်

Monday, June 25, 2012

အားကျမိတဲ့ သူတစ်ယောက်အကြောင်း

မနေ့က ရုံးပိတ်ရက်မှာ အင်တာနက်သုံးရင် http://www.myanmartutorials.com မှာ ကိုသီဟ ရေးတဲ့ Interview ကို ဖတ်ကြည့်ဖြစ်တယ်။ ကြိုက်တာနဲ့ Interview ကို PDF လုပ်ပြီး သိမ်းထားဖြစ်ပါတယ်။ အဲဒီ Interview ဖြေကြားပေးတဲ့ ပုဂ္ဂိုလ်ဟာ ကျနော့်အတွက် အားကျ အတုယူရမယ့် ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ် ပါတယ်။ ကျနော့် ၀ါဿနာ ကျနော့် ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်လို့ပါပဲ။ အဲဒီ အင်တာဗျူးကို ဖတ်ပြီး ကျနော့်ကို ကျနော်လည်း အတွေးအခေါ် အသိအမြင်တွေ ပြောင်းလဲလာစေခဲ့တယ်။ အမှန်အတိုင်း ၀န်ခံရရင် အဲဒီ အင်တာဗျူးဖြေကြားပေးတဲ့ ကိုမောင်မောင်သန့် ကို ကျနော် အားကျမိတယ်။ သူ့လို ကြိုးစားပြီး သူ့လိုဖြစ်ချင်မိတယ်ပေါ့ဗျာ။ ကိုမောင်မောင်သန့် ပြောကြားတဲ့အထဲက " ကျနော့်ဘ၀တစ် ခုလုံးအတွက် အသုံး ၀င်ခဲ့တဲ့ တိုက်တွန်းချက်ပဲ " ဆိုတဲ့ စာသားဟာ ကျနော်တို့ ပညာရပ်ဆိုင်ရာကို လေ့လာသင်ယူနေတဲ့ လူငယ်တွေအားလုံးကို တိုက်တွန်းလိုက်သလိုပါပဲ။  
အခုကျနော် ပြောပြတဲ့ Interview ကို စိတ်ဝင်စားတဲ့သူတွေဖတ်လို့ရအောင် PDF ဖိုင်လေးကို တင်ပေးလိုက် ပါတယ်။ မူရင်းဆိုက်ကတော့ http://www.myanmartutorials.com ပါ။ အဲဒီဆိုက်ထဲက Interview ကဏ္ဍ မှာ ဖတ်ရှုလို့ရပါတယ်။  PDF ကိုဖတ်ကြည့်ချင်တယ် ဆိုရင်တော့ အောက်မှာ Link တွေပေးထားပါတယ်။ Interview ကို Part I, Part II ခွဲပြီး တင်ထားပါတယ်။ Download ချနိုင်ပါတယ်ဗျာ။

Part I  Download : ZidduMediafireMinus
Part II Download : ZidduMediafireMinus

Thursday, May 17, 2012

မနက်ဖြန်....

မနက်ဖြန်ဆိုရင် ရုံးကလူကြီးတစ်ယေက်နဲ့ ခရီးထွက်ရမယ်။ ခရီးစဉ်မှာအဆင်ပြေအောင် အလုပ်ပြီးမြောက်အောင် လူကြီး စိတ်တိုင်းကျအောင် လုပ်ဆောင်ရမယ်။ အဲဒီအတွက် လုပ်ငန်းကျွမ်းကျင်မှုတွေ၊ အချိန်ပိုင်းခြားတတ်မှုတွေ၊ သွက်လက်ဖြတ်လတ်မှုတွေ ရှိဖို့လိုအပ်တယ်။ အဓိက ကတော့ ကိုယ့်ကိုကိုယ် ငါလုပ်နိုင်မှာသေချာတယ် ၊ ငါလုပ်နိုင်တယ်၊ လုပ်ငန်းပြီးမြောက်အဆင်ပြေပြီး လူကြီး စိတ်တိုင်းကျရမယ် ဆိုတဲ့ ယုံကြည်မှုရှိဖို့ပဲ။ အဲဒီလိုအပ်ချက်တွေကို အခုညကရင်း ပြင်ဆင်ထားရတယ်။ မနက်ဖြန်ဆိုတာ ကျနော့်အတွက်တော့ စာမေးပွဲဖြေရမယ့် နေ့ တစ်နေ့လိုပါပဲလား။ ကျနော်က စာဖြေသူ ကျနော့်အထက်လူကြီးက စာစစ်သူ။ ကျနော့် လုပ်ရည်ကိုင်ရည်ကိုလည်း သူက အကဲခတ်မှာပဲ။ မနက်ဖြန်အတွက် စိတ်ဓာတ်ခွန်အားတွေနဲ့ ပြင်ဆင်ရင်း စာမေးပွဲဖြေရမယ့် ကျောင်းသားတစ်ယောက်ရဲ့ခံစားမှုမျိုး ခံစားနေရတယ်။

Wednesday, April 18, 2012

စိန်စီထားတဲ့စက္ကန့်တွေကို ဖြတ်သန်းခဲ့တယ်

အချိန်ဆိုတာတန်ဖိုးရှိတယ်လို့လူမှန်းသိတတ်စအရွယ်ကတည်းကလူကြီးသူမတွေရဲ့အပြောကို ကြားခဲ့ရတယ်။ စကားပုံတွေလည်းကြားခဲ့ရတာပေါ့။ လသာတုန်းဘိုင်းငင်…မိုးရွာတုန်းရေခံ….အချိန်ရှိခိုက် လုံ့လစိုက်…တဲ့။ စကားပုံတွေ ကြားခဲ့တာလည်းခဏခဏပေါ့။ ဒါပေမယ့် မေ့မေ့ပျောက်ပျောက်ပဲ။စကားပုံတွေ ဆိုရိုးစကားတွေ ကြားဖူးတယ် အချိန်ရဲ့တန်ဖိုးကိုသိထားတယ်ဆိုတာလောက်ပဲ။ အခုလုပ်ငန်းခွင်ဝင်လာတဲ့အချိန် အလုပ်တွေ လုပ်လာတဲ့အခါရောက်တော့မှ အချိန်ဆိုတာထင်ထားတာထက် ပိုပြီးတန်ဖိုးရှိတယ်ဆိုတာပိုသိလာရတယ်
အခုကျနော့်အလုပ်ကနယ်တွေမှာကြော်ငြာနဲ့ပတ်သက်တဲ့ အလုပ်တွေ လုပ်ရတယ်။ နယ်တွေမှာလုပ်ရတဲ့အခါ ကိုယ်ရောက်တဲ့မြို့မှာလုပ်စရာရှိတဲ့အလုပ်ကို ပြီးအောင်လုပ်ရတယ်။ အဲဒီမြို့မှာလုပ်စရာပြီးရင် နောက်တစ်မြို့ကိုအချိန်မှီရောက်အောင်ကူးရတယ်။ ရုံးကအချိန်ကိုချိန်ဆပြီးခရီးသွားရမယ့် နေ့ရက်ကိုသတ်မှတ်ပေးလိုက်တယ်။ ဘယ်နေ့ကနေဘယ်နေ့အထိပေါ့။ ကျနော်တို့ကအဲဒီနေ့ရက် အဲဒီအချိန်အတွင်းမှာကိုယ်သွားရမယ့် မြို့တွေကိုသွားရောက်ပြီးအလုပ်တွေကို ပြီးစီးအောင်မြင်အောင်လုပ်ရတယ်။ အထူးသဖြင့် အဲဒီမြို့တွေရဲ့ဈေးတွေမှာလုပ်ရတာပဲ။တခါတလေတော့လည်း မြို့နှစ်မြို့ရဲ့ဈေးနှစ်ဈေးကိုအချိန်မှီအောင် အလုပ် လုပ်ပြီးကူးရပါတယ်။ တစ်မြို့က ဈေးမှာအလုပ်ပြီးလို့ရှိရင် နောက်တစ်မြို့က ဈေးမပိတ်ခင် အမှီအပြေးအလွားသွားရတာမျိုးတွေ အဲဒီဈေးကိုအမှီရောက်အောင်သွားပြီးပြန်တော့ ရောက်ရောက်ချင်းအလုပ်ကတန်းပြီးလုပ်ရတယ်။ ပြီးစီးအောင် လုပ်ရတယ်။ အဲဒီကျတော့ အချိန်ဆိုတာအရေးပါလာပြီနာရီဝက် (၁၅)မိနစ်ကအစတန်ဖိုးရှိလာပြီ။ ယားလို့တောင်မကုတ်အားဘူးဆိုတာအဲလိုမျိုးထင်ပါရဲ့။ လူလည်းပင်ပန်းတယ်…နောက်ပြီးအချိန်နဲ့အမျှ အလုပ်ကိုပြီးအောင်လုပ်ရတာဖြစ်တဲ့အတွက် အချိန်မမှီမှာစိုးရိမ်ရတယ်…အဲဒီတော့ အပြေးအလွားသွားလာရတာလုပ်ကိုင်ရတာမျိုးတွေ ရှိပါတယ်။ အဲဒီအတွက် စိတ်လည်းပင်ပန်းရတယ်။
ကျနော်အခုအလုပ်မှာခရီးထွက်တဲ့အခါတိုင်းအချိန်လုပြီးလုပ်ရတဲ့အလုပ်တွေနဲ့ပဲ ကြုံနေရတယ်။ ခရီးစဉ်မှာလုပ်ရတဲ့အလုပ်တွေကလည်းစိတ်မောလူမောပဲ။ နောက်ဆုံးအလုပ်ပြီးလို့ အိမ်ပြန်ရောက်မှပဲအမောပြေပါတယ်။ အခုလိုလုပ်ငန်းခွင်ထဲမှာအချိန်လုလုပ်ရတဲ့အလုပ်တွေကိုလုပ်ရတဲ့အခါကျတော့မှပဲ…သြော်…
အချိန်ဆိုတာ
ငါထင်ထားတာထက်….

Thursday, March 29, 2012

ဇာတိ နတ်မောက် မကွေးခရိုင်

ရုံးအလုပ်ကိစ္စတွေ ပြီးလို့ တောင်တွင်းကြီးကနေ မန္တလေးအပြန်မှာ နတ်မောက် ဘက်က ပြန်ဖြစ်ခဲ့တယ်။ နတ်မောက်မြို့ကို ရောက်တုန်းရောက်ခိုက် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ကို သွားကြည့်ဖြစ်ခဲ့ပါတယ်။ ညနေပိုင်း နေအတော်စောင်းနေပြီမို့ အချိန်လည်းမရတာနဲ့ အိမ်ထဲကိုတော့ ၀င်မကြည့်ဖြစ်ခဲ့ပါဘူး။ အိမ်အပြင်ကနေပဲ ကြည့်ပြီး ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်။



မကွေးမှာ အမေစုကို ကြိုဆိုဖို့ ပြင်ဆင်နေကြတာ

အညာဒေသ မကွေး၊ ကျောက်ပန်းတောင်း၊ တောင်တွင်းကြီး၊ ရေနံချောင်း ဘက်တွေမှာ အမေစု စည်းရုံးရေးခရီးစဉ်ရှိတဲ့အတွက် မကွေးမြို့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ကြော်ငြာရိုက်ရင်း စားပွဲထိုးလေးတွေ အမေစု ကိုကြိုဆိုဖို့ ပြင်ဆင်လေ့ကျင့်နေတာကို ဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။ ကျနော် ဓာတ်ပုံရိုက်တုန်းကတော့ အမေစု ရဲ့ အညာဒေသ စည်းရုံးရေးခရီးစဉ် မဖျက်သိမ်းသေးပါဘူး။ နောက်ပိုင်း အမေစုရဲ့ ကျန်းမာရေးအခြေအနေကြောင့် မကွေးတိုင်း စည်းရုံးရေးခရီးစဉ် ဖျက်သိမ်းလိုက်ရကြောင်း ကြားသိရပါတယ်။ အမေစုကိုချစ်တဲ့ အညာသူ၊ အညာသားများ ကြိုဆိုဖို့ပြင်ဆင်ထားပြီး ခရီးစဉ်ဖျက်သိမ်းလိုက်တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။


 

Tuesday, March 27, 2012

အမေစု အမှတ်တရများ

 
ဒီပုံဟာ အမေစု မန္တလေး စည်းရုံးရေးခရီးစဉ်လာရောက်တုန်းက ဓာတ်ပုံဆရာတစ်ယောက်ရိုက်ခဲ့တာ
ဖြစ်ပါတယ်။ ဒီပုံကို နိုင်ငံခြားက ဒေါ်လာနဲ့ ပေးပြီးဝယ်သွားတယ်လို့လည်း ကြားမိတယ်။ အမေစုကို ချစ်ကြတဲ့ မန္တလေးသူ မန္တလေးသားတွေ တခဲနက်ကြိုဆိုခဲ့ကြတဲ့ သမိုင်းဝင်မယ့် အမှတ်တရဓာတ်ပုံပါ။ ဒီပုံကို သူငယ်ချင်း တစ်ယောက်ဆီကနေ လက်ဆင့်ကမ်းပြီး ရလိုက်တယ်။ ဒီဓာတ်ပုံကို ခက်ခက်ခဲခဲ ရိုက်ခဲ့ရတယ် လို့လည်း ကြားရပါတယ်။ ဓာတ်ပုံဆရာကိုတော့ လေးစားမိတယ်။ ဒီဓာတ်ပုံကို တကယ် ကိုယ်တိုင်ကိုယ်ကျ ရိုက်ခဲ့တဲ့ ဓာတ်ပုံဆရာ ဘယ်သူဘယ်ဝါ မသိရတဲ့အတွက် ခွင့်ပြုချက်မတောင်းပဲ တင်လိုက်ပါတယ်။ အကယ်၍များ စီးပွားရေးအတွက် မီဒီယာတွေမှာ သုံးမယ်ဆိုရင်တော့ မူရင်းဓာတ်ပုံဆရာကို ခွင့်တောင်းသင့်ပါကြောင်း။ 





@ Facebook Photo
 ( ခင်ဗျားတို့သိပ်ကြိုက်တဲ့ သိပ္ပံလမ်းပေါ်က လူပင်လယ်ကြီးကို ကိုစိုးဇေယျာထွန်းက ဒီလို အသက်နဲ့ရင်း စွန့်စားပြီး ရိုက်ထားတာပါ။— with Zon Phyu Linn, Academycupid Mmcp, ဦးဦး ပိုက်ပိုက်, Aung Myint Myat, Lovely Jame Phaw Thu, Ei Phyu Sin Thant, Soe Zeya Tun, Zin Moe Win and အော်ပီကျယ် စတော်ဘယ်ရီအပြွတ်ကြီး.)


Saturday, March 3, 2012

ဒီနေ့.......3 March 2012

မနေ့က မန္တလေးကို အမေစု ရောက်တယ်။ ညနေပိုင်းလောက်မှာ ရောက်ရှိတာဖြစ်ပြီး ရန်ကုန်-မန္တလေး၊ ၇၈လမ်း တလျှောက် ယာဉ်ကြောပိတ်ဆို့သွားအောင် စည်ကားပြီး မန္တလေး လူထုမှ စည်ကားသိုက်မြိုက်စွာ ကြိုဆိုခဲ့တယ်လို့သိရတယ်။ ကျနော်ကတော့ ရုံးတက်နေရတာရော ကိုယ့်အလုပ်နဲ့ ကိုယ်မို့ အမေစုကို မကြိုနိုင်ခဲ့ဘူး။ ဒီနေ့ မတ်လ (၃)ရက်နေ့ အောင်ပင်လယ် ဘောလုံးကွင်းနေရာမှာ စည်းရုံးရေးဟောပြောပွဲလုပ်ပါတယ်။ သွားရောက်နားထောင်လိုပေမယ့် ရုံးမှ နားရက်ယူရန်အဆင်မပြေတာကြောင့် မသွားဖြစ်ပါဘူး။ ဒီနေ့မှာပဲ အရင်ရက်တွေကနဲ့မတူ မိုးအုံ့ပြီး မိုးရွာပါတယ်။ တစ်နေကုန်ကို မိုးအေးနေတယ်။ မိုးကလည်း တဖြောက်ဖြောက်နဲ့ပဲ။ မနက်ပိုင်းမှာ မိုးမရွာပဲ မိုးအုံ့ပေမယ့် နေ့လည်ပိုင်းနဲ့ ညနေပိုင်းတွေမှာ မိုးရွာလာတယ်။ အမေစု ဟောပြောပွဲလုပ်မယ့်အတွက် နေအပူဒဏ် သက်သာအောင် မိုးဓာတ်နဲ့အေးစေတာလားဆိုပြီး ယူဆစရာဖြစ်ပါတယ်။ အမေစု ဟောပြောပွဲကို တက်ရောက်ချင်ပါတယ်။ အမေစု အားမာန်အပြည့်နဲ့ ဟောပြောမယ့် အကြောင်းအရာတွေကို နားထောင်ချင်ပါတယ်။ ဒါပေမယ့် ကျနော့်အတွက် အခွင့်မသာတာကြောင့် ဟောပြောပွဲကို မရောက်ဖြစ်ခဲ့ပါဘူး။ အဲဒီအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ မနက်ဖြန်ဆိုရင် မတ်လ (၄)ရက်။ တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်ပေမယ့် Overtime ဆင်းရဦးမယ်။  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၄)ရက်နဲ့ (၅)ရက်မှာ Barcamp Mandalay ကျင်းပပြုလုပ်ခဲ့တယ်။ အဲ့တုန်းကလည်း Barcamp တက်ချင်ရဲ့နဲ့ အလုပ်ကိစ္စနဲ့ နယ်ခရီးထွက်နေရတာကြောင့် Barcamp မတက်ခဲ့ရပါဘူး။ ဒီနှစ်ထဲမှာ အလုပ်တွေနဲ့ နပန်းလုံးနေရတာနဲ့တင် တချို့ဖြစ်ချင် လုပ်ချင်တဲ့ ကိစ္စတွေ လက်လွတ်လိုက်ရတာမျိုးတွေ ဖြစ်နေတယ်။


Friday, January 27, 2012

Tuesday, January 24, 2012

နှေးလိုက်တဲ့ ကွန်နက်ရှင် ရယ်

မြန်မာနိုင်ငံမှာ အင်တာနက် ကွန်နက်ရှင် နှေးကွေးတာ လေးလံတာ ဟာ မဆန်းတော့ပေမယ့် ကျနော့်အတွက် လက်ရှိသုံးဖြစ်တဲ့ နယ်မြို့တွေမှာ အင်တာနက်လိုင်းက ပိုပြီးနှေးပါတယ်။ Web Site တစ်ခုပွင့်ဖို့ Loading အကြာကြီးစောင့်ရတယ်။ သုံးတာက အင်တာနက်ဆိုင်တွေမှာ ၀င်သုံးတာဖြစ်တဲ့အတွက် လိုင်းကောင်းမယ်ထင်ပြီး သုံးပေမယ့် လိုင်းက အလွန်ညံ့ဖျင်းနေတာမျိုးတွေ တွေ့ရတယ်။ ချောက် ၊ တောင်တွင်းကြီး ၊ မြင်းခြံ မြို့တွေမှာ အလုပ်ကိစ္စနဲ့ ခရီးထွက်ရင်း Blog အတွက် ပို့်စ်လည်းတင်မယ်ဆိုပြီး အင်တာနက်ဆိုင်ကိုရှာပြီး သုံးဖြစ်တယ်။ နယ်မြို့တွေဆိုတော့ အင်တာနက်ဆိုင်က ခပ်ရှားရှားရယ်....လာသုံးတဲ့သူတွေကြည့်လိုက်ရင်လည်း Game ဆော့ တဲ့သူနဲ့ Gtalk ပြောတဲ့သူ လောက်ပဲတွေ့ရတယ်။ အဲဒီလို အနေအထားနဲ့ လက်ရှိ သူတို့ ကွန်နက်ရှင် က အဆင်ပြေပေမယ့် Web Site တွေ ၀င်ဖတ်မယ် ၊ File တွေ Upload , Download လုပ်မယ် ဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး ဆိုတာ သိလိုက်ရတယ်။ ကျနော်က မန္တလေး အနေများသူဆိုတော့ တခါတလေ ကိုယ့် မန္တလေးက အင်တာနက်ဆိုင်တွေက ကွန်နက်ရှင် ကိုတောင် နှေးလှပြီ..လေးလှပြီ ထင်နေတာ....။ သြော်...အခုတော့ အဲ့ထက်ဆိုးတဲ့ ကွန်နက်ရှင်နဲ့တွေ့တော့မှပဲ ငါတို့ မန္တလေးက ဆိုင်တွေက ကွန်နက်ရှင်တွေကမှ သွက်သေးတယ်ဟဲ့ ဆိုပြီး တွေးမိတယ်။ မန္တလေး ကအင်တာနက်ဆိုင်တွေမှာ တခါတရံ လိုင်းကျချိန်က လွဲလို့ ကျန်အချိန်တွေဆိုရင်တော့ စိတ်တိုင်းကျစရာပါပဲ။ Web Site ဖွင့်ရင်လည်း Loading က နယ်မြို့တွေလောက်မကြာဘူး။ File တွေ Upload , Download လည်း လုပ်လို့ အဆင်ပြေတယ်....ခြွင်းချက် File Size သေးတယ်ဆိုရင်ပေါ့။ File Size ကြီးရင်တော့ မန္တလေး ကွန်နက်ရှင် လည်း ဘာမှမတတ်နိုင်ပါဘူး။ အဲဒီအခါ သုံးစွဲသူ User တွေ စိတ်ညစ်ရတော့တာပေါ့။ ကြားဖူးပါ၏....သူများနိုင်ငံတွေမှာ ဥပမာ...စင်ကာပူ

Thursday, January 19, 2012

မကွေး ၊ မင်းဘူး ၊ တောင်တွင်းကြီး ခရီးစဉ်

ရုံးအလုပ်ကိစ္စနဲ့ မကွေး ရောက်ဖြစ်ရင်း မင်းဘူး ဘက်ကိုပါ ရောက်ဖြစ်ပါတယ်။ မင်းဘူးမြို့ဝင် ကြိုဆိုပါ၏ နဲ့ ဧရာဝတီတံတား(မကွေး) ပေါ်ဖြတ်သန်းရင်း ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတွေ တင်လိုက်တယ်။

မင်းဘူးမြို့အ၀င်

မကွေးတံတားပေါ်ဖြတ်သန်းစဉ်

မင်းဘူးမှာလည်း အလုပ်တွေ လုပ်ရတယ်။ မင်းဘူး ကနေ နေ့လည် ၂ နာရီလောက်မှာ

Tuesday, January 17, 2012

ဒီနေ့ .....

ဒီနေ့ ၁၇.၁.၂၀၁၂ ရက်နေ့ ည ၈ နာရီကားနဲ့ မကွေးကို ခရီးထွက်ရမယ်။ ဒါတောင် Blog နဲ့ပတ်သက်လို့ လုံးပန်းပြီး ရူးသွပ်နေဆဲ။ အင်တာနက်ထိုင်တာ ၄ နာရီကျော်နေပြီ။ Blog Template ကို စိတ်ကြိုက်ရှာတယ်။ နောက်တော့ တွေ့တယ်။ ပြောင်းကြည့်တယ်။ Template ပြောင်းရတာအဆင်ပြေပါတယ်။ Peekaboo ပို့စ်ခေါက်တာ မရှိလို့ဆိုပြီး အဲဒီအတွက် တခြားလေ့လာသင်ယူနေရတဲ့ Blog ဆိုက်တွေကနေသွားကြည့်ပြီး တဆင့်ခြင်းလုပ်ဖြစ်တယ်။ နောက်တော့ Template ထဲမှာအဆင်သင့်ပါပြီးသားပဲဆိုတာ အချိန်ကုန်ခံလုပ်ကြည့်ပြီးမှ သိလိုက်ရတယ်။ အဲဒီတော့ Template File ကိုအသစ်ပြန်တင်ရတာပေါ့။ အဆင်ပြေသွားပါတယ်။ အခုတော့ အိုကေပြီပေါ့။ Template လေးက အခုမှပဲ စိတ်တိုင်းကျတော့တယ်။ Template ပြောင်းတာ ဒီတခါပြောင်းတဲ့ Template ကို